RJ ဆိုသည်မှာ Registered Jacket အား အတိုကောက်ခေါ်ဆိုခြင်းဖြစ်ပါသည်။ Telecommunication Network Interface အတွက် ချမှတ်ထားသော စံစနစ်တစ်ခုဖြစ်ပါသည်။ ကြိုးများ နှင့် သယ်ယူမည့် Signal ပေါ်လိုက်၍ အဆုံးတွင် အသုံးပြုသည့် RJ ခေါင်း များသည်လည်း ကွဲပြားခြားနားသွားပါသည်။
ယခု Post သည် RJ45 Connector Type အကြောင်းအား ဖော်ပြသွားမည်ဖြစ်ပါသည်။ RJ 45 သည် Data Communication အသုံးပြုရာတွင် အရေးပါအရာရောက်လျက်ရှိသော Connector Type တစ်မျိုးဖြစ်ပါသည်။ အများသိကြသည့်အတိုင်း Network Cable ဟုသတ်မှတ်သည့် Category 5E , Category 6 နှင့် Category 6A ကြိုးများ တွင် အသုံးပြုကြလျက်ရှိပါသည်။ ဖော်ပြပါကြိုးများသည် 4 Pairs 8 Wires ကြိုးများဟုခေါ်ဆိုကြပါသည်။
ဖော်ပြပါ ပုံသည် RJ 45 Network Connector ၏ နမူနာပုံစံဖြစ်ပါသည်။
CAT6 Network Cable နမူနာပုံစံဖြစ်ပါသည်။
RJ 45 Connector Termination
RJ 45 Network Connector အား ပြုလုပ်ရာတွင် Type ၂ မျိုးဖြင့် ရိုက်လို့ရပါသည်။
ပထမ တစ်မျိုးမှာ T568A ဟုခေါ်ဆိုပြီး နောက်တစ်မျိုးမှာ T568B ဟု ခေါ်ဆိုပါသည်။
IT လောက စကားအရ Type A နှင့် Type B ဟု အလွယ်ခေါ်လေ့ရှိပါသည်။
T568A အား Termination လုပ်ရန်အတွက်
T-568A
- White/Green (Receive +)
- Green (Receive -)
- White/Orange (Transmit +)
- Blue
- White/Blue
- Orange (Transmit -)
- White/Brown
- Brown
ဖော်ပြပါအတိုင်း စီစဥ်ပြီး Termination ပြုလုပ်ရမည်ဖြစ်ပါသည်။
T568B အား Termination လုပ်ရန်အတွက်
T-568B
- White/Orange (Transmit +)
- Orange (Transmit -)
- White/Green (Receive +)
- Blue
- White/Blue
- Green (Receive -)
- White/Brown
- Brown
ဖော်ပြပါအတိုင်း စီစဥ်ပြီး Termination ပြုလုပ်ရမည်ဖြစ်ပါသည်။
Network Cable အား Termination ရိုက်ရန် နမူနာ Video File အား Interlink Network Termination ပုံစံနမူနာ Video ဖြင့်ဖော်ပြပေးလိုက်ပါသည်။
Comments
Post a Comment