အဓိပ္ပါယ်ဖွင့်ဆိုချက်
Open Standard Interconnection ဟု အတိုကောက် ခေါ်ဆိုသော OSI သည် Computer Networking ၏ အရေးပါသော Function များ နှင့် တစ်လွှာချင်းဆီအလိုက် အလုပ်လုပ်လျက်ရှိသော Protocol များအား စနစ်ကျစေရန် လမ်းပြပေးသော ပုံစံတစ်ခုဖြစ်ပါသည်။
OSI 7 Layers တွင်ပါ၀င်သော Protocol ဆိုသည်မှာ Network တစ်ခု၏ စည်းမျဥ်းစည်းကမ်းများ၊ စံစနစ်များ ၊ လုပ်ငန်းစဥ်များ စသည်တို့သည် Network နည်းပညာအား ထောက်ပံ့ပေးသာ Hardware နှင့် Software တို့၏ ဖွံ့ဖြိုးမှုနှင့် Layer တစ်ခုချင်းစီ၏ လုပ်ငန်းဆောင်တာများ အလုပ်လုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပါသည်။
OSI 7 Layers Model ၏ အဓိက အလုပ်လုပ်ဆောင်ပုံအား အလွယ်တကူရှင်းလင်းရလျှင် ကားထုတ်လုပ် သည့် စက်ရုံတွင် Assemblyလိုင်းများ နှင့် အစီအစဥ်တကျ ထုတ်လုပ်သကဲ့သို့ပင် တွေးမြင်နိုင်ပါသည်။
Car Engine တပ်သည့် လုပ်ငန်းစဥ်၊ Car Body တပ်သည့် လုပ်ငန်းစဥ်နှင့် ကားအတွင်းပိုင်အလှဆင်သည့် လုပ်ငန်းစဥ် စသည် စသည်သကဲ့သို့ပင် အစီအစဥ်လိုက် တပ်ဆင်ခြင်းနှင့် ခပ်ဆင်ဆင် တူညီလှပါသည်။
ကား ထုတ်လုပ်သည့်စက်ရုံထဲသို့ ကား တစ်စီးလုံးနှင့်သက်ဆိုင်သည့် ပစ္စည်းများ ၀င်ရောက်သွားသော်လည်း ကားစက်ရုံမှ ထုတ်လုပ်လိုက်လျှင် ယင်းပစ္စည်းများနှင့် အလှဆင်ထားသည့် ကားတစ်စီးသာ ပြန်လည်ထွက်ရှိလာသကဲ့သို့ပင် တွေးမြင်နိုင်ပါသည်။
OSI 7 Layers Model အား အစီအစဥ်အလိုက် ချရေးမည်ဆိုလျှင်
Layer 7 - Application Layer
Layer 6- Presentation Layer
Layer 5 - Session Layer
Layer 4- Transport Layer
Layer 3 - Network Layer
Layer 2 - Data Link Layer
Layer 1 - Physical Layer
ဟု အကြမ်းမျဥ်း မှတ်သားထားနိုင်ပါသည်။
Layer တစ်ခုချင်းစီအလိုက် အသေးစိတ်ရှင်းလင်းချက်များကို နောက်အပိုင်းများတွင် ဆက်လက် ရေးသားပေးပါမည်။
Comments
Post a Comment