Skip to main content

Posts

OSI Model အကြောင်း တစေ့တစောင်း (၁)

အဓိပ္ပါယ်ဖွင့်ဆိုချက် Open Standard Interconnection ဟု အတိုကောက် ခေါ်ဆိုသော OSI သည် Computer Networking ၏ အရေးပါသော Function များ နှင့် တစ်လွှာချင်းဆီအလိုက် အလုပ်လုပ်လျက်ရှိသော Protocol များအား စနစ်ကျစေရန် လမ်းပြပေးသော ပုံစံတစ်ခုဖြစ်ပါသည်။ OSI 7 Layers တွင်ပါ၀င်သော Protocol ဆိုသည်မှာ Network တစ်ခု၏ စည်းမျဥ်းစည်းကမ်းများ၊ စံစနစ်များ ၊ လုပ်ငန်းစဥ်များ စသည်တို့သည် Network နည်းပညာအား ထောက်ပံ့ပေးသာ Hardware နှင့် Software တို့၏ ဖွံ့ဖြိုးမှုနှင့် Layer တစ်ခုချင်းစီ၏ လုပ်ငန်းဆောင်တာများ အလုပ်လုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပါသည်။ OSI 7 Layers Model ၏ အဓိက အလုပ်လုပ်ဆောင်ပုံအား အလွယ်တကူရှင်းလင်းရလျှင် ကားထုတ်လုပ်  သည့် စက်ရုံတွင်   Assemblyလိုင်းများ နှင့် အစီအစဥ်တကျ ထုတ်လုပ်သကဲ့သို့ပင် တွေးမြင်နိုင်ပါသည်။ Car Engine တပ်သည့် လုပ်ငန်းစဥ်၊ Car Body တပ်သည့် လုပ်ငန်းစဥ်နှင့် ကားအတွင်းပိုင်အလှဆင်သည့် လုပ်ငန်းစဥ် စသည် စသည်သကဲ့သို့ပင် အစီအစဥ်လိုက် တပ်ဆင်ခြင်းနှင့် ခပ်ဆင်ဆင် တူညီလှပါသည်။ ကား ထုတ်လုပ်သည့်စက်ရုံထဲသို့ ကား တစ်စီးလုံးနှင့်သက်ဆိုင်သည့် ပစ္စည်းများ ၀င်ရောက်သွ...
Recent posts

RJ45 Network Jacket များအကြောင်းသိကောင်းစရာများ...

RJ ဆိုသည်မှာ Registered Jacket အား အတိုကောက်ခေါ်ဆိုခြင်းဖြစ်ပါသည်။ Telecommunication Network Interface အတွက် ချမှတ်ထားသော စံစနစ်တစ်ခုဖြစ်ပါသည်။  ကြိုးများ နှင့် သယ်ယူမည့် Signal ပေါ်လိုက်၍ အဆုံးတွင် အသုံးပြုသည့် RJ ခေါင်း များသည်လည်း ကွဲပြားခြားနားသွားပါသည်။ ယခု Post သည် RJ45 Connector Type အကြောင်းအား ဖော်ပြသွားမည်ဖြစ်ပါသည်။ RJ 45 သည် Data Communication အသုံးပြုရာတွင် အရေးပါအရာရောက်လျက်ရှိသော Connector Type တစ်မျိုးဖြစ်ပါသည်။  အများသိကြသည့်အတိုင်း Network Cable ဟုသတ်မှတ်သည့် Category 5E , Category 6 နှင့် Category 6A ကြိုးများ တွင် အသုံးပြုကြလျက်ရှိပါသည်။ ဖော်ပြပါကြိုးများသည် 4 Pairs 8 Wires ကြိုးများဟုခေါ်ဆိုကြပါသည်။ ဖော်ပြပါ ပုံသည် RJ 45 Network Connector ၏ နမူနာပုံစံဖြစ်ပါသည်။ CAT6 Network Cable နမူနာပုံစံဖြစ်ပါသည်။ RJ 45 Connector Termination RJ 45 Network Connector အား  ပြုလုပ်ရာတွင် Type ၂ မျိုးဖြင့် ရိုက်လို့ရပါသည်။ ပထမ တစ်မျိုးမှာ T568A ဟုခေါ်ဆိုပြီး နောက်တစ်မျိုးမှာ T568B ဟု ခေါ်ဆိုပါသည်။ IT လောက စကားအရ Type A နှင့် Type B ဟု အလွယ်ခေါ်လေ့ရှိပါသ...